ဒီစီဒီကိုသုံးရင် မြန်မာစာတတ်ရုံနဲ့ ကွန်ပျူတာကို သုံးနိုင်မယ်။ Microsoft Word နဲ့ Excel မှာ မြန်မာစာ menu တွေ မြင်ရမယ်။ မြန်မာလိုဖတ်ပြီး ကိုယ့်ဖာသာ သုံးနိုင် သွားမယ်။ မိမိဖာသာ လေ့ကျင့်သင်နိုင်မယ့် မြန်မာစာ ရိုက်နည်းပါ ပါတယ်။ ထူးခြား တဲ့ စာလုံးပုံစံ ၈ဝ ကျော် ပါတယ်။ အခြားစနစ်တွေနဲ့ ရိုက်ထားတဲ့ မြန်မာစာတွေကို ပြန်ရိုက်နေစရာ မလိုစေဘဲ ပြောင်းပေးတဲ့ converter ထည့်ထားပါတယ်။ ကနုတ်ပန်း ခက်တွေ ဆွဲပြီးသားပါတဲ့ Win Wingdings font, ပြည်နယ်တိုင်း မြေပုံတွေ ဆွဲစရာ မလိုဘဲ တန်းထွက်တဲ့ မြေပုံဖွန့်၊ ကာတွန်းပုံ လေးတွေ ထွက်တဲ့ ကာတွန်းဖွန့်၊ Myanmar Times အပါအဝင် ဂျာနယ်တွေ အားလုံးနီးပါး ပုံနှိပ်တဲ့အခါ ယခုထက်ထိ သုံးနေကြတဲ့ မြန်မာစာ စနစ် ဖြစ်ပါတယ်။