CMS website နဲ့ ရိုးရိုး website ဘာကွာလဲ
- CMS ဆိုတာ Content Management System ကိုဆိုလိုခြင်း ဖြစ်ပြီး ၊ ကိုယ်တိုင် အလွယ်တကူ ၀င်ပြင်လို့ ရပါတယ်။ သူ့မှာ Advance Feature တွေပါ၀င်လာမှာ ဖြစ်ပြီး Mobile view ၊ Blog ၊ Forum စသဖြင့်အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။
- ရိုးရိုး website ကတော့ ကိုယ်တိုင်ပြင်ဆင်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ တကယ်လို့ ၀င်ပြင်ချင်တဲ့ သူဟာ Web Developer တစ်ယောက် နီးပါး ကျွမ်းကျင်မှုရှိရင်တော့ ပြင်ဆင်နိုင်ပါတယ်။ Mobile view ၊ Blog ၊ Forum စသဖြင့်အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး။
CMS administrator ရဲ့ password ကို ကိုယ့်ဘာသာကိုယ်ပြောင်းလို့ ရလား
CMS administrator ရဲ့ password ကို ကိုယ့်ဘာသာကိုယ်ပြောင်းလို့ မရပါ။
Bandwidth Limit Exceeded ဆိုသည့် စာသားပေါ်လာပြီး Website မတက်တော့ပါ။ ဘာကြောင့်ဖြစ်တာလဲ။
- လူကြီးမင်းတို့ ဝယ်ယူထားသော service package အလိုက် လစဉ် ရယူနိုင်သော Bandwidth ပမာဏ ကျော်လွန်သွားခြင်းကြောင့်ဖြစ်သည်။
- Bandwidth ပမာဏ ဆိုသည်မှာ လူကြီးမင်းတို့ Website အတွင်းအသုံးပြုထားသော စာမျက်နှာများ၊ ပုံများ ကို ခေါ်ကြည့်သည့် အကြိမ်အရေအတွက် အနည်း အများပေါ်မူတည်သည်။
- Bandwidth ပမာဏ သည် တစ်လ တစ်ခါ အစမှ ပြန်လည် ရေတွက်သည်။
မြန်မာFONT ရှိရှိ မရှိရှိ မြန်မာလို မြင်ရအောင် web page လုပ်ပေးနိုင်လား။
- ဟုတ်ကဲ့။ ကောင်းကောင်း လုပ်ပေးနိုင်ပါတယ်။
http://myanmar-myanmar.net ကို နမူနာ ကြည့်ကြည့်ပါ။


