CMS administrator ရဲ့ password ကို ကိုယ့်ဘာသာကိုယ်ပြောင်းလို့ ရလား
CMS administrator ရဲ့ password ကို ကိုယ့်ဘာသာကိုယ်ပြောင်းလို့ မရပါ။
မြန်မာFONT ရှိရှိ မရှိရှိ မြန်မာလို မြင်ရအောင် web page လုပ်ပေးနိုင်လား။
http://myanmar-myanmar.net ကို နမူနာ ကြည့်ကြည့်ပါ။
ဒိုမိန်းကို နှစ်ဝက်စာဘဲ ယူချင်လို့ ရပါသလား။
မရပါ။ အင်တာနက် ဒိုမိန်း ဆိုသည်မှာ တစ်နှစ်စီ မှတ်ပုံတင်ရသည့် စနစ်ကို သုံးကြပါတယ်။ ၁နှစ်ခွဲ ယူချင်လို့လဲ မရပါ။ မဖြစ်နိုင်ပါ။ Domain တစ်ခုကို စတင်ပြီး registration ပြုလုပ်တဲ့အခါမှာ မှတ်ပုံတင်သည့်နေမှစ၍ တစ်နှစ်တိတိ သက်တမ်းရှိပါတယ်။ အကယ်၍ တစ်နှစ်ထက်မက ပိုမို register လုပ်ထားလိုရင်လည်း မှတ်ပုံတင်ပေးနိုင်ပါတယ်။ Domain စတင်ဝယ်ယူသည့် အခါ Domain Order Form တွင် မိမိလိုအပ်သည့် Domain Name နှင့် သက်တမ်းကို ဖြည့်စွက်နိုင်ပါတယ်။
SSL, https:// နှင့် website များ
SSL ဆိုတာကတော့ secure sockets layer ကို အတိုကောက်ခေါ်ထားတာဘဲဖြစ်ပါတယ်။ website တစ်ခုရဲ့ အရေးကြီး အချက်အလက်များကို မသမာသူများမှ ဖောက်ပြီးမကြည့်နိုင်စေရန် server နှင့် အသုံးပြုသူ၏ browser များအကြား အထူးပြုလုပ်ထားသော port (လမ်းကြောင်းများ) ဖြင့် encrypt/decrypt ပြုလုပ်ပြီး website လုံခြုံရေးကို မြှင့်တင်ပေးခြင်းဖြစ်ပါတယ်။ credit card data များ၊ user name နှင့် password များ၊ အခြားအရေးကြီးသော အချက်အလက်များကို website မှ တောင်းသည့်အခါတွင် များသောအားဖြင့် အသုံးပြုကြပါတယ်။ credit card အသုံးပြုသူများသည် online တွင် ငွေပေးချေသည့်အခါတွင် မိမိ ငွေပေးချေမည့် website သည် ssl အသုံးပြုခြင်းရှိမရှိ […]