အင်တာနက်ကနေတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ကြ၊ ဗဟုသုတရှာဖွေကြ ဖလှယ်ကြတယ်။ ဥပမာ – မုန့်ဟင်းခါးချက်နည်း၊ ကိတ်မုန့်ဖုတ်နည်းကအစ ရောဂါကုထုံးအဆုံး အင်တာနက်ပေါ်မှာရှိကြတယ်။ ပညာသင်ကြတယ်၊ အလုပ်ရှာ ကြတယ်၊ ကုန်ပစ္စည်းတွေ ရောင်းကြ ဝယ်ကြတယ်၊ ကိုယ်မရောက်ဖူးသေးတဲ့ ဒေသတွေကို အင်တာနက်ကနေ အရင်ကြိုပြီး လေ့လာကြတယ်။