အင်တာနက်ကြောင့် Globalization Process ပိုမိုမြန်ဆန်လာပြီး ကမ္ဘာကြီးဟာ ကမ္ဘာဆိုတဲ့ရွာလေးတစ်ရွာဖြစ်လာပါတယ်။ ရွာသားတစ်ယောက် အကြောင်း တစ်ရွာလုံးကသိကြသလိုဘဲ တစ်ရွာလုံးကအကြောင်းကို အခြားကမ္ဘာ တစ်ဘက်မှ လူကချက်ချင်းသိနိုင်ဆက်သွယ်လာနိုင်ပြီး အရင်က မဖြစ်နိုင်တာတွေ မြောက်များစွာဟာလည်း ယနေ့မှာဖြစ်လာခဲ့ပါတယ်။ တစ်နေ့တည်းမှာလူ ၁ဝ သန်း ကျော်ကို ရောင်းပေးဖူးတဲ့ စာအုပ်ဆိုင်မိုျး အရင်တုန်းကမရှိခဲ့တာတွေ အခု အင်တာနက်ပေါ်မှာရှိလာတယ်။ လူတွေရဲ့လုပ်ငန်းခွင်ယဉ်ကျေးမှု ( Business culture) တွေလည်း ပြောင်းလာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက် ခွဲခွာရင်တောင် “email ပိုလိုက်ဦးလေ ‘ လို့ ပြောလာကြတာကအစ ရေဒီယို ၊ ရုပ်ရှင်၊ သီချင်း စတာတွေကို အင်တာနက် ထဲကဘဲ ကြည့်ရှုနားထောင်လာကြတယ်။