
လူပြောများတဲ့ SEO
ယခုတလော online website ကိုယ်ပိုင် ရှိပြီးသား စီးပွားရေးလုပ်ငန်းရှင်တွေအကြား အပြောများလာတာက SEO ဆိုတဲ့ စကားလုံးတစ်ခုပါပဲ။ SEO ဆိုတာ Search Engine Optimization ကို အတိုကောက် ခေါ်တာဖြစ်ပြီး၊ လူကြီးမင်းတို့ရဲ့ website ကို search engine တွေမှာ လိုချင်တဲ့ keyword နဲ့ရှာရင် ထိပ်ဆုံးမှာ တွေ့အောင် လုပ်ပေးခြင်း ဖြစ်ပါတယ်။ Traffic is everything လို့ပြောနေကြတဲ့ ယနေ့လိုအင်တာနက်ခေတ်ကြီးမှာ လူကြီးမင်းရဲ့website ကထိပ်ဆုံးမှာရှိနေရင် လူများများဝင်ကြည့်မယ်၊ ဝယ်ဖို့အတွက် အခွင့်အလမ်းများမယ်။ ဥပမာ- traveler တစ်ယောက်ဟာ myanmar travel ဆိုတဲ့ keyword နဲ့ Google search engine မှာ ရိုက်ရှာလိုက်တဲ့အခါ လူကြီးမင်းရဲ့ website သာ ထပ်ဆုံးမှာပါဝင်လာခဲ့ပြီဆိုရင် စီးပွားရေးလုပ်ငန်းအတွက် အင်မတန်အကျိုးအမြတ် များလာမှာ အမှန်ပါပဲ။ ဒါပေမယ့် SEO ဆိုတာ ယနေ့အခါမှာ အများပြောသလို မရိုးရှင်းတော့ပါဘူး၊ ယခုဆိုရင် SEO ကို ပျောက်ကွက်သွားပြီလို့တောင် ကမ္ဘာအရပ်ရပ်က ပြောနေကြပါပြီ။
IS SEO DEAD ?
မည်သည့် SEO Specialist ဒါမှမဟုတ် SEO Company က သင့် Web Site ကို google မှာရှာ ရင် နံပါတ် ၁ နေရာမှာရောက်နေအောင် လုပ်မပေးနိုင်တော့ပါဘူး။ လုပ်ပေးနိုင်ပါတယ်ဆိုပြီး ထပ်ခါထပ်ခါပြောနေရင်၊ အီးမေးလ်တွေပို့ပြီး အသေအချာ အာမခံနေရင်တော့ သူတို့နဲ့ google CEO နဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် သင့်ဆီက ပိုက်ဆံကို လိမ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါလိမ့်မယ်။ တစ်ကယ်တော့ Google SEO ဟာ Google ရဲ့ SEO algorithm အသစ် ၂ ခုဖြစ်တဲ့ Panda Update နဲ့ Penguin Update နှစ်ခုမှာတင် ကိစ္စချောသွားခဲ့ပါပြီ။ အဲဒီ update ၂ ခုကြောင့် ကိုယ့်ရဲ့ website ထိပ်ဆုံးမှာ တွေ့ဖို့အတွက် နည်းမှန် လမ်းမှန်အတိုင်းလုပ်မယ်ဆိုရင် အနည်းဆုံး ၆ လကြာအောင်စောင့်ခိုင်းနေပါပြီ။ တက်သွားပြီဆိုရင်တောင် အချိန်ကြာကြာ တက်ခွင့်မရှိအောင် လုပ်ထားပါသေးတယ်။
ဒီလောက်ကောင်းတဲ့ SEO ကြောင့်ပျောက်ကွယ်သွားမှာလဲ?
အရိုးရှင်ဆုံးပြောရရင် SEO ဆိုတာ အင်တာနက်ခေတ်ဦးရဲ့ လွန်စွာအသုံးဝင်ခဲ့တဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်၊ ဒါကြောင့် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေဟာ SEO specialist တွေအသုံးပြုပြီး အင်တာနက် ပေါ်မှာ monopolize ပိုမိုပြုလုပ်လာကြပါတယ်၊ ဒါပေမယ့် အင်တာနက် search engine တွေဟာ သုံးစွဲသူတွေ့ရဲ့ ရှာဖွေမှုအပေါ်မှာ မှုတည်ပြီးဆင့်ကဲပြောင်းလဲမှုတွေပြုလုပ်လာကြပါတယ်။ တနေ့ထက်တနေ့ website အရေအတွက်တွေပိုမို များပြားလာတာကြောင့် Google လို search engine ကြီးတွေဟာ ရှာဖွေမှုရလဒ်တွေကို သင့် အနီးဆုံးနေရာရောက်အောင် ပို့ဆောင်ပေးလာနိုင်ပါပြီ၊ သန်းထောင်ချီနေတဲ့ website တွေကို ရှာဖွေမပြတော့ဘဲ နိုင်ငံတစ်နိုင်ငံ၊ နေရာဒေသ တစ်ခုချင်စီ အလိုက် ကြိုက်နှစ်သက်မှုတွေကို ပြသလာနိုင်ပါပြီ။
- ဒါဟာ သိသာထင်ရှားတဲ ပြောင်းလဲမှုတစ်ခုသာဖြစ်ပါတယ်၊ ဒီလို အသေးစိတ်ကအစ အသုံးပြုသူတွေကို ဖော်ပြပေးလာနိုင်တဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ လူတစ်ယောက်ကဲ့သို့စွမ်းဆောင်လာနိုင်တဲ့ search engine ပေါ်မှာ ထိပ်ဆုံးကပါဝင်လာဖို့ဆိုတာ အမှန်တကယ် မလွယ်ကူတော့ပါဘူး။
SEO ပျောက်ကွယ် သွားရခြင်းရဲ့ အဓိကကြောင်းအရင်းတွေထဲမှာ
1. အဓိက search engine Google သည် အချိန်တိုင်းရှာဖွေမှု အမှတ်ပေးစည်းမျဉ်းများကိုပြောင်းလဲနေခြင်း။
2. keyword ပေါ်မှာသာ အမှတ်ပေးသော စည်းမျဉ်းကို အဓိက မထားတော့ခြင်း။
3. တစ်ဆထက်တစ်ဆ website အရေအတွက်များ များပြားလာခြင်း။
4. SEO ပြုလုပ်အောင်မြင်နိုင်ရန် အချိန်ကာလာကြာမြင့်နိုင်ခြင်း။
5. ROI တိုင်းတာရန် ခက်ခဲခြင်း တို့ဖြစ်ပါတယ်။
6. Google ကိုယ်တိုင်က ၎င်း၏ SEA Service(Google Adwords) ကို ပိုမိုရောင်းချလိုသဖြင့် ရည်ရွက်ချက်ရှိရှိဖြင့် SEO ကို ပိုမိုခက်ခဲစေခြင်း။
Google search engine ဟာ online ကိုအခြေပြုပြီး စီးပွားရေးလုပ်ကိုင်နေသော website ပိုင်ရှင်များအတွက် အဓိက ညွှန်ပြရာ Directory ကြီးတစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Google search engine ရဲ့ အမှတ်ပေးစည်းမျဉ်းဟာ ၂၀၁၃ ခုနှစ်မှာ များစွာပြောင်းလဲခဲ့တာကြောင့် SEO specialist များအသုံးပြုပြီး ရေးသား ထားတဲ့ website တွေဟာ ထိပ်ဆုံးနေရာကနေ ပျောက်ကွယ်သွားကြပါပြီ။ ကမ္ဘာမှာကော မြန်မာမှာပါ စီးပွားရေးလုပ်ငန်းရှင် တွေထိခိုက်နစ်နာခဲ့ကြရပါတယ်။
SEO ကို အစားထိုးတဲ့ SEA
SEO service များ မထိရောက်တော့တဲ့ ၂၀၁၃ လိုကာလမှစလို့ ကမ္ဘာ့အရပ်အရပ်က စီးပွားရေး လုပ်ငန်းကြီးတွေဟာ SEO ထက်သာလွန်ပြီး မြန်ဆန်ထိရောက်တဲ့ SEA လိုအတို့ကောက်ခေါ်ဆိုနိုင်တဲ့ Search Engine Advertising ကို ပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြပါပြီ။ အခုဆိုရင် SEA service ကိုလဲ မြန်မာနိုင်ငံမှာလဲ အသုံးပြုနိုင်အောင် ကျွန်တော်တို့ Myanmars.NET မှ လုပ်ဆောင်ပေးနိုင်နေပါပြီ။
SEA ဝန်ဆောင်မှု များစွာရှိသော်လဲ စီးပွားရေးလုပ်ငန်းများ အများဆုံး အသုံးပြုသော service မှာ Google Adwords advertising ပဲဖြစ်ပါတယ်၊ Google adwords ဟာ Google search engine နဲ့ အခြားသော
Google နှင့် ချိတ်ဆက်ထားသေား website များမှာပါ ကြော်ငြာဖော်ပြပေးနေပါပြီ။
Google Adwords ရဲ့ အားသာချက်တွေက
• မိနစ်ပိုင်းအတွင်း ထိပ်ဆုံးစာမျက်နှာမှာ ဖော်ပြပေးနိုင်ခြင်း။
• ဒီလိုဖော်ပြမှုအတွက် အခကြေးငွေ လုံးဝပေးစရာမလိုဘဲ အသုံးပြုသူများက click နှိပ်မှသာ ပေးချေရခြင်း။
• keywords များနှင့်သာမက နိုင်ငံ၊ ဘာသာစကား၊ အချိန် စသည့်ဖြင့် အသေးစိတ်ခွဲခြားစိစစ် ကြော်ငြာနိုင်ခြင်း။
• အချိန်ကာလ နှင့် budget များကိုကြိုတင်သတ်မှတ်နိုင်ခြင်း။
• ROI ကိုပြန်လည်တိုင်းတာနိုင်ခြင်း။
ယခုအခါတွင်တော့ ထိပ်ဆုံးသို့ ဘယ်အချိန် ဘယ်ကာလမှ ရောက်မည်ကို မသေချာသော SEO ဝန်ဆောင်မှုများထက် မိနစ်ပိုင်အတွင်း ထိပ်ဆုံးစာမျက်နှာတွင် ဖော်ပြပေးနိုင်မယ့် Google Adwords ကြော်ငြာဝန်ဆောင်မှု နည်းလမ်းများကို ပိုမိုအသုံးပြုလာကြပြီ။ 2014 ရလဒ်များအရ Google သည် Google Adwords ကြော်ငြာဝန်ဆောင်မှုမှ $ 59 billion အထိဝင်ငွေရရှိခဲ့ပါတယ်။ ဒါဟာ တကမ္ဘာလုံးမှာ website ပိုင်ရှင်တွေကိုယ်တိုင် google online advertising ရဲ့ တိုးတက်ပြောင်းလဲလာမှုကို သိမြင်နိုင်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေဟာ SEO ထက် Google Adwords နှင့် ၎င်းကဲ့သို့သော CPC (cost per click) ဝန်ဆောင်မှုများကို ပြောင်းလဲအသုံးပြု လာနေကြတယ်ဆိုတာကို ပြဆိုခြင်းလဲဖြစ်ပါတယ်။
Google ကိုယ်တိုင်ညွှန်းလာတဲ့ SEA
SEO နှင့် SEA ပြုလုပ်ခြင်းရဲ့ အားနည်းချက် အားသာချက်ကို ယှဉ်တွဲဖော်ပြရရင်-
| Description | Google Adwords | Bing Ad | Yahoo Ad | SEO |
| Time to invest | In a minute | In a minute | In a minute | Minimum 6 month or more |
| Targeting | Keywords Countries Device access Languages Radius Interest user group Interest topics times setting | Countries Device access Languages Interest user group Interest topics | Countries Device access Languages Interest user group Interest topics | Keywords only |
| Website link (eg: product page, reservation page) | Define by advertiser, Direct to your products or services pages | Define by advertiser, Direct to your products or services pages | Define by advertiser, Direct to your products or services pages | Define by search engine, |
| Result | First Page | First Page | First Page | Unknown |
| Cost | CPC (Pay only when user click on your ad) | CPC (Pay only when user click on your ad) | CPC (Pay only when user click on your ad) | Rank (pay for position) |
| Remarketing(who already visited your website) | Yes | Yes | Yes | No |
| Minimum Cost | Base on your Budget & expected click | Base on your Budget & expected click | Base on your Budget & expected click | Start above from 1000 USD |
| Compete with other competitor keywords | Yes | Yes | Yes | No |
| ROI | Yes (you can measure how much you spend on advertising & how many received inquiry ) | Yes (you can measure how much you spend on advertising & how many received inquiry ) | Yes (you can measure how much you spend on advertising & how many received inquiry) | No |
| Report | Yes (weekly or monthly include keywords click & cost, visited count/ traffic & page views, compare before & after ) | Yes (weekly or monthly include keywords click & cost, visited count/ traffic & page views, compare before & after ) | Yes (weekly or monthly include keywords click & cost, visited count/traffic & page views, compare before & after ) | Yes (only for position & traffic ) |
| Focus | Online advertising is focus on click & direct sales | SEO is focus on position & traffic |
Focus Online advertising is focused on click &
direct sales SEO is focus on position & traffic
Google Adwords သုံးမယ်ဆိုရင်
ကမ္ဘာသုံး အင်တာနက်ကြော်ငြာဝန်ဆောင်မှုဖြစ်တဲ့ Google Adwords ကိုစတင်သုံးစွဲမယ်ဆိုရင် ဘယ်လို အချက်တွေကို အဓိက ထည့်သွင်းစဉ်စားထားဖို့လိုပါသလဲ အရေးအကြီးဆုံးကကိုယ်လုပ်ငန်းအပ်နှံမယ် services provider က ဒီအကြောင်းကို လုပ်ငန်းရှင်ထက်ပိုမိုသိထားဖို့လိုအပ်သလို အရင့်အရင် အောင်မြင်မှုတွေနဲ့ မှတ်တမ်းတွေကို ပြောပြနိုင်တဲ့ services provider မျိုးကိုရွေးချယ်ရပါမယ်။
ဒါကြောင့် မြန်မာနက်က အင်တာနက် ကြော်ငြာ ကျွမ်းကျင်သူ အဖွဲ့ကို ဆက်သွယ်ဘို့-